ဖယောင်းတိုင်

သံယောဇဉ်  

Posted by ကျွန်တော်

အနေကြာလာလို့ သံယောဇဉ်ဖြစ်တာမှန်ပေမယ့်၊
စတွေ့ကတည်းက ရင်ခုန်မိတယ်ဆိုရင်
ယုံနိုင်မလား နှစ်မရယ်။
အဲဒီသံယောဇဉ်ကို ချစ်တယ်ဆိုတဲ့
စကားတစ်ခွန်းနဲ့ လဲလိုက်ဖို့လည်း
မောင်ကြီးမ၀ံ့ပါဘူး နှစ်မရယ်။
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ
နှစ်မနားလည်မယ်ဆိုရင်၊
ကြာတော့လည်း မင်း…မောင်ကြီးကို
မေ့သွားမှာပါနှစ်မရယ်။
ဆက်ဖတ်ချင်စရာကောင်းတဲ့ ၀တ္ထုကို
တစ်ပိုင်းတစ်စနဲ့ ရပ်တန့်လိုက်တဲ့သူလို့
မင်းသတ်မှတ်ချင်သတ်မှတ်ပါ နှစ်မရယ်။
မောင်ကြီးကတော့…
မမျှော်လင့်ထားတာတွေနဲ့ကြုံရမှာကို မျှော်လင့်ထားလို့
သံယောဇဉ်အမျှင်တန်းကို အခုကတည်းက
ဖြတ်တောက်ထားပါရစေ နှစ်မရယ်။

Matrix Screen Locker  

Posted by ကျွန်တော်



ကျွန်တော်ကြိုက်လို့သုံးတဲ့ Desktop Screen Locker လေးဖြစ်ပါတယ်။

ဒီမှာ ဒေါင်းနိုင်ပါတယ်။

လွမ်း….  

Posted by ကျွန်တော်

ခွဲခွါသွားတဲ့သူတဲ့ သူတွေအတွက်တော့ မသိသာပေမယ့် ကျန်ရစ်ခဲ့တဲ့သူအတွက်မတော့…
ခွဲခွါခါနီးအချိန်လေးမှာ တစ်ခုခုကိုထမ်းရွက်ထားရသလို တနင့်တပိုးကြီးပေမယ့်၊ ခွဲခွါသွားပြီးတဲ့ အချိန်မတော့ ဘာမှထမ်းရွက်ထားရသလို မခံစားရတော့ဘူး။ ဒါပေမယ့် ဘာဆိုဘာမှ မရှိတော့တဲ့အခါမို့ တကယ့်ကို ဟာတာတာနဲ့ ဘယ်အရာကိုပြန်တမ်းတနေမိမှန်းကို မသိတော့ဘူး။ ကျနော် ကြိုက်တယ်ဆိုလို့ လူးလာခဲ့တဲ့ သနပ်ခါး ပါးကွက်ကျားလေးလည်းဝေးပြီပေါ့… အခုအချိန်မှာအဖြစ်ချင်ဆုံးကနာရီလက်တံတွေကို မြန်လိုက်ချင်တာပါပဲ…