ဖယောင်းတိုင်

ကျွန်တော်နှင့်သက်ဆိုင်သော  

Posted by ကျွန်တော်

ဒီအကြောင်းကို ဘလော့စတင်ပြီးလုပ်ကတည်းက ရေးသားလိုက်မယ်လို့ ရည်ရွယ်ထားခဲ့ပေမယ့် အကြောင်းအ
မျိုးမျိုးကြောင့် ယခုအခါမှရေးသားဖြစ်ခဲ့တာမဟုတ်ပါလား။ ဘလော့ရဲ့ နာမည်ကို ပေးဖြစ်ခဲ့တာကလည်း စဉ်းစားရင်းနဲ့ ဒီနာမည်လေးဆိုရင် ကောင်းမယ်လို့ ကိုယ်ကလည်းထင်တယ်၊ ပြီးတော့ အတူနေ အခန်းဖော် အစ်ကိုကြီး နှစ်ယောက်ရဲ့ အကြံပေးမှု တွေကြောင့်ဆိုပါတော့။ ကျွန်တော်လည်း အများသူငှာတွေ ရေးသလို ကိုယ့်ရဲ့ဥစ္စာလေးမှာ ဖွဲ့ဖွဲ့နွဲ့နွဲ့၊ အားရပါးရ ရေးလိုက်ချင်ပါသေးတယ်ဗျာ။ ဒါပေမယ့် ဘာမှကို ဟုတ်တိပက်တိ မရေးနိုင်၊ မတင်နိုင်သေးပါဘူး။ ဒီလိုနဲ့ပဲ ဘလော့ကမ္ဘာကြီးထဲမှာ မျက်စိသူငယ်၊ နားသူငယ် နဲ့ စာသူငယ်လေး လိုဖြစ်နေပါပြီ။ အဲဒါနဲ့ပဲ ကိုယ့်ဥစ္စာလေးကို တစ်နေကုန်ထိုင်ပြီး တစ်စိမ့်စိမ့်ကြည့်လိုက်၊ ဘလော့ကမ္ဘာကြီးထဲမှာပဲ
လိုက်လည်လိုက်နဲ့ပေါ့။ အခုတော့ ကျွန်တော်တစ်ယောက် ဗေဒါမာန်အံကိုခဲလျက်၊ ငါလိုလူဤဇမ္ဘူဘယ်မရှိဆိုပြီး အားတင်းလျက် ကြိုးစား၍ ရေးလိုက်ချေလေပြီကော။ ဘလော့ရေးကြတဲ့သူတိုင်းမှာ၊ လူတိုင်းမှာ ရည်ရွယ်ချက်
တွေ၊ ဦးတည်ချက်တွေရှိကြသလို ကျွန်တော့မှာလည်းရှိတယ်ဗျ၊ ကျွန်တော့ရဲ့ဘလော့တစ်ခုပြုလုပ်လိုက်ရတဲ့ ရည်ရွယ်ချက်ကတော့…. အများသူငှာတွေက ကိုယ်ရဲ့ကိုယ်ပိုင် အတွေးအခေါ်၊ အယူအဆတွေ၊ အခြားသောသူ
တစ်ယောက်ယောက်ရဲ့ နည်းပညာတွေ၊ ဗဟုသုတတွေနဲ့ အခြားသိသင့်သိထိုက်သော အရာများအားလုံးကို ကိုယ့်ရဲ့ ကိုယ်ပိုင်ဘလော့တွေပေါ်မှာ တင်ပြထားကြသလို ကျွန်တော်လည်း အဲဒီလိုစိတ်ကူးမျိုး၊ ရည်ရွယ်ချက်မျိုး (အဲဒီလိုပြုလုပ်ခြင်းဟာ အရမ်းကိုမွန်မြတ်တယ်လို့သတ်မှတ်ပြီး “တစ်ဦးသိတာကို နောက်တစ်ဦးကို မျှပေးတာ မင်္ဂလာပါ” လို့ ကျွန်တော့ဘလော့မှာရေးသားထားခဲ့ပါတယ်။)နှင့် ဘလော့တစ်ခုကို ဘယ်လိုပြုလုပ်ရမှာလဲဆို
တာတွေကို သိချင်တဲ့ရည်ရွယ်ချက်တွေကြောင့်ပါ။ မကူညီရင်နေ မနှောင့်ယှက်နဲ့ဆိုသလို ကိုယ်ကမကူညီနိုင်ပေ
မယ့် နှောင့်တော့မနှောင့်ယှက်ပါဘူး။ အခုဆိုရင် ကျွန်တော်လည်း ဘလော့တွေကို လိုက်လံ၍ လေ့လာစည်းပူး
နေပါတယ်။ ကျွန်တော့ဘလော့ကို လာရောက်တဲ့သူတွေနဲ့ အမှားတွေထောက်ပြကြသွားတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။


မှတ်ချက်။။ကျွန်တော်ဘလော့ပြုလုပ်ရာတွင်ကူညီကြသောကိုအညာသားလေးနှင့်ကိုစောမဏ္ဍိုင်တို့အားအထူးပင် ကျေးဇူးတင်လျက်ရှိပါသည်။

This entry was posted on Wednesday, September 24, 2008 . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

1 comments

ဘာမှ မလိုဘူးယုံကြည်ချက်တွေ၊ သိတာလေးတွေ စာသာမြန်မြန်ရေးတော့ :P