ဖယောင်းတိုင်

ကံအတိုင်း  

Posted by ကျွန်တော်

ဆောင်းရာသီကြီးမှာ သစ်ရွက်တွေနွမ်းပြီး မြေပေါ်ကိုကျတယ်။
တစ်ခြားတိုင်းပြည်မှာ မရှိတဲ့ ရူးကြောင်ကြောင်အတွေးတွေနဲ့
ကိုယ့်ကိုကိုယ့်အထင်ကြီးတဲ့ လူမျိုးတွေနေထိုင်တယ်။
ဘာပြိုင်ပွဲတွေရှိရှိ အရက်စီးရားလို့အော်ကြတယ်။
ငါတို့ကတော့ သူတို့ကိုအရူးလို့သတ်မှတ်တယ်။
အဲဒီလိုနေရာမျိုးမှာ...
ငါတို့ကို အရူးမျက်လုံးတွေနဲ့ သူတို့ကကြည့်ကြသေးတယ်။
သူတို့ ဘာတွေပြောနေမှန်းလည်းမသိဘူး။
ဘယ်နေ့ပြန်ရမလဲဆိုတာပဲ ကြိုပြီးတွေးရတော့မယ်နဲ့တူတယ်။
ဘာမှကိုနားမလည်တော့ဘူး၊ မသိတော့ဘူး။
ဒီနှစ်တွေကို ဘယ်လိုဖြတ်သန်းရပါ့မလဲနော်။

This entry was posted on Tuesday, September 30, 2008 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

6 comments

မလိုတော့ပါဘူး သူငယ်ချင်းရေ အရက်စီးယား ဆိုတဲ့
အသံဆိုးတွေနဲ့ ဝေးရတော့မှာပါ

တော်ရာမှာမနေရ တော်ရာမှာနေရ ..
ဆိုတဲ့ စကားတော့ မသုံးတော့ဘူးဗျာ .. မုန်းလွန်းလို့ ..
အချိန်တန်ရင်တော့ အိမ်ပြန်ရမှာပေါ့ကွာ ....

အရက်စီးယား ဆိုတာဘာကြီးလဲ? အဲတာကြီးနားမလည်တော့ ကဗျာတစ်ပုဒ်လုံး နားမလည်ဘူး :(

အရူးမျက်လုံးနဲ့ ကြည့်ခံရတာတော့ ဆိုးတယ်

ကျနော်ရေ အရက်စီးယားဆိုတာ ဘာလဲဟင်
အသံဆိုးဟုတ်လား
သိဘူး ပြန်ရှင်းပြ
ဒါပဲ
ဂလောက်
:P

Anonymous  

ကျန်သေးတယ် လေ သူငယ်ချင်း ရဲ့ "ဟူးရား .. ဟူးရား" ဆိုတာကြီး ၊ ဘောလုံးပွဲဆိုရင် သူတို့ကောင်က လဲပြီ ဆိုတာနဲ့ TV မှာ နောက်ကပြောတဲ့က ကောင်က "Желтыи желтыи "တဲ့ အဲ့သူတို့က ကောင်က ဘောလုံးဆွဲလာတော့
"Покажи ему покажи ему" ဆိုပဲ တော်တော် ရီရတယ် ။