သံယောဇဉ်
ယုံနိုင်မလား နှစ်မရယ်။
အဲဒီသံယောဇဉ်ကို ချစ်တယ်ဆိုတဲ့
စကားတစ်ခွန်းနဲ့ လဲလိုက်ဖို့လည်း
မောင်ကြီးမ၀ံ့ပါဘူး နှစ်မရယ်။
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ
နှစ်မနားလည်မယ်ဆိုရင်၊
ကြာတော့လည်း မင်း…မောင်ကြီးကို
မေ့သွားမှာပါနှစ်မရယ်။
ဆက်ဖတ်ချင်စရာကောင်းတဲ့ ၀တ္ထုကို
တစ်ပိုင်းတစ်စနဲ့ ရပ်တန့်လိုက်တဲ့သူလို့
မင်းသတ်မှတ်ချင်သတ်မှတ်ပါ နှစ်မရယ်။
မောင်ကြီးကတော့…
မမျှော်လင့်ထားတာတွေနဲ့ကြုံရမှာကို မျှော်လင့်ထားလို့
သံယောဇဉ်အမျှင်တန်းကို အခုကတည်းက
ဖြတ်တောက်ထားပါရစေ နှစ်မရယ်။
Matrix Screen Locker
ကျွန်တော်ကြိုက်လို့သုံးတဲ့ Desktop Screen Locker လေးဖြစ်ပါတယ်။
ဒီမှာ ဒေါင်းနိုင်ပါတယ်။
လွမ်း….
ခွဲခွါခါနီးအချိန်လေးမှာ တစ်ခုခုကိုထမ်းရွက်ထားရသလို တနင့်တပိုးကြီးပေမယ့်၊ ခွဲခွါသွားပြီးတဲ့ အချိန်မတော့ ဘာမှထမ်းရွက်ထားရသလို မခံစားရတော့ဘူး။ ဒါပေမယ့် ဘာဆိုဘာမှ မရှိတော့တဲ့အခါမို့ တကယ့်ကို ဟာတာတာနဲ့ ဘယ်အရာကိုပြန်တမ်းတနေမိမှန်းကို မသိတော့ဘူး။ ကျနော် ကြိုက်တယ်ဆိုလို့ လူးလာခဲ့တဲ့ သနပ်ခါး ပါးကွက်ကျားလေးလည်းဝေးပြီပေါ့… အခုအချိန်မှာအဖြစ်ချင်ဆုံးကနာရီလက်တံတွေကို မြန်လိုက်ချင်တာပါပဲ…
မေးခွန်း
အားလပ်ရက်တစ်ရက်တွင်..... ညနေခင်းလေးတစ်ခုမှာ ကျွန်တော်တစ်ယောက် ပန်းခြံထဲလမ်းလျှောက် ထွက်ခဲ့ ပါတယ် (ကိုယ်တိုင်ကလည်း စိတ်မကြည်မလင် ဖြစ်နေတာနဲ့)။ ပန်းခြံထဲရောက်ပြီ ဆိုပါတော့ဗျာ... အဲဒါနဲ့ ပန်းခြံထဲမှာ လမ်းပတ်လျှောက်ရင်း ဟိုကြည့်ဒီကြည့်ပေါ့... ဆော့နေတဲ့ခလေးတွေ... လူကြီးတွေ၊ လူငယ်တွေကို တွေ့တာပေါ့၊ ဒီလိုလျှောက်ရင်းလျှောက်ရင်းနဲ့ ထိုင်ခုံလေးတစ်ခုမှာထိုင်နေတဲ့ ကောင်လေးတစ် ယောက်ကို တွေ့တယ်ဗျ။ သူ့ပုံစံက အင်္ကျီရှပ်လက်ရှည်၊ ပုဆိုးကလူကြီးတွေဝတ်မှ လိုက်ဖက်မယ့် အကွက် ကျဲကျဲအဆင်မျိုးနဲ့ မျက်နှာမသာမယာဖြစ်နေတဲ့ပုံမျိုးလေးနဲ့ပါ။ ကျွန်တော်လည်း စိတ်ထဲမှာ တစ်မျိုးခံစားရတာမို့ ကောင်လေး ကိုကြည့်နေမိပါတယ်။ ဘေးပတ်ဝန်းကျင်ကို ကြည့်ပြန်တော့လည်း လူတွေကသွားလာနေကြတာပဲ၊ ဒီကောင် လေးကိုဂရုတစ်စိုက်မရှိကြဘူး၊ သတိပဲ မထားမိတာလားတော့မသိဘူး။ ဒီလိုနဲ့ကျွန်တော်လည်း ကောင်လေး အကြောင်းကိုစဉ်းစားရင်း အိမ်ကိုပြန်ခဲ့ပါတယ်။ နောက်တစ်နေ့ ဒီကောင်လေး ပန်းခြံကို ထပ်လာဦး မယ်နဲ့ တူတယ်...အင်း... အဲဒီအခါကျမှ ကောင်လေးကို အားပေးစကားလေး ဘာလေးပြောဦးမယ်လို့ စဉ်းစားလိုက်တယ်။ နောက်တစ်နေ့ရောက်တော့ ကျွန်တော်ကောင်လေးကိုထပ်ရှာပါတယ်၊ အရင်နေ့က နေရာမှာပဲထပ်တွေ့တယ်ဗျ၊ အဲဒီကောင်လေးက မနေ့ကအတိုင်း မျက်နှာမသာမယာလေးနဲ့ပဲ။ ကျွန်တော်လည်း သူ့အနားကိုသွားပြီး နှုတ်ဆက် လိုက်ပါတယ် "ညီ...မင်းတစ်ယောက်ထဲလားကွ"။ သူကလန့်သွားတဲ့ပုံစံနဲ့ "ဟုတ်ကဲ့ အစ်ကို" ဟုပြန်ပြောတယ်။ ဒီလိုနဲ့သူနှင့်ကျွန်တော် စကားတွေပြောကြပါတယ်။ အချိန်တော်တော်ကြာလာတော့ အမှောင်က၀င်စပြုလာပါပြီ။ ပန်းခြံထဲမှာ လူလည်းမရှိတော့ပါဘူး။ ဒါနဲ့ပြန်ခါနီးမှာ ကျွန်တော်ကသူ့ကို အားပေး တဲ့အနေနဲ့ "ညီ...မင်းအစ်ကို့ကို မင်းရဲ့အစ်ကိုတစ်ယောက်လို သဘောထားပြီး အကူအညီတောင်းပေါ့ကွာ" လို့ပြောလိုက်ပါတယ်။ ကောင်လေးက အံ့အားသင့်တဲ့အမူအရာနဲ့ "ဟုတ်ကဲ့...အစ်ကို၊ ဒါနဲ့ အစ်ကိုက ကိုယ့်ကိုကိုယ်ထက် အခြားသူတစ်ယောက် ရဲ့ကိစ္စကိုအရေးထားပြီး ဂရုစိုက်နေတယ်နော်။ အဲဒါဟာဘာကြောင့်လဲ? အခြားလူတွေလည်း သွားလာနေကြ တာပါပဲ၊ ကျွန်တော့်ကို အထူးတလည်ဂရုစိုက်ခြင်းမရှိကြဘူး၊ သူတို့ဘာသာသူတို့ အဆင်ပြေသလို သွား လာနေကြတာပါပဲ၊ အစ်ကိုတစ်ယောက်ထဲသာ ကျွန်တော့်ကိုလာမေးတာ၊ ပြီးတော့ အစ်ကိုကကျွန်တော့်ကို ဘယ်လိုထင်လဲ၊ အစ်ကို့စိတ်ထဲမှာရော ကိုယ့်ကိုကိုယ်... ငါဟာပြီးပြည့်စုံတဲ့ လူတစ်ယောက်ဖြစ်ပီလား ဆိုတာ ကိုယ့်ကိုကိုယ်ပြန်မေးမိလား... အစ်ကို"
ပြီးသွားပါပြီ။ ကျွန်တော့်ရဲ့အလုပ်ကဒီမှာတင် ပြီးသွားပြီလေ။ ကျွန်တော်နဲ့အဲဒီကောင်လေးဟာ တိတ်တဆိတ် နဲ့လမ်းခွဲလိုက်ကြပါတယ်။ အိမ်အပြန်လမ်းမှာ ကျွန်တော့ကိုယ်ကျွန်တော် တစ်ခါမှမမေးဘူးတဲ့ မေးခွန်းတစ်ခုကို မ၀ံ့မရဲ ပြန်မေးလိုက်မိပါတယ် "ငါကောပြီးပြည့်စုံတဲ့ သူတစ်ယောက်ဖြစ်နေလို့လား"။
အချိန်နဲ့ရက်စွဲ
» ဖြိုးကိုအောင်
» စောမဏ္ဍိုင်
» မင်းကျန်စစ်
» စိုးသူဟိန်း (မြတ်ဗုဒ္ဓ၏ အဆုံးအမများ)
» စိုးသူဟိန်း (ကွန်ပျူတာ မှတ်စုများ)
» တင့်ထူးရွှေ
» ထူးတေဇာ
» ပန်းခရေ
» Pawthwut MTV
» Apprenticeship
» မောင်ငယ်
» မီးငယ်
» ရိုင်ရယ်သန်ဇင်
» ရွှေအိပ်မက်
» ခရမ်းပြာအိပ်မက်
» မင်းသီလ
» ဗားမီး(စ)ကလက်စစ်
» လူငယ်ဒိုင်ယာရီ
» မြန်မာမြူးစစ်
» အင်းဝ
» မဉ္ဖူရီ
» မြန်မာအမ်ပီသရီး
» ဖလက်ဘန့်
» မြန်မာ-ပုံရုပ်
» လျှက်တစ်ပြတ်
» ခေတ်လူငယ်
» မြန်မာ
» မဇ္စျိမ
» ဗားမီး(စ)ဒီဗွီဘီ
» ဧရာဝတီ
» ခေတ်ပြိုင်
» အီကိုဗစ်ရှင်း
» ၀ီးကလီးအလဲဗမ်း
» မြန်မာအင်တာနက်ဂျာနယ်
» မိုက်တီးဖွတ်ဘော
» ဖီဖာဖွတ်ဘော
» ဖိုတီးကျု့(ဖ)
» အမ်ဝိုင်ပီတူးပီ
» အမ်ယူတီဒီဖန်
» လိုက်စကိုး
» မာရသွန်ဘတ်
နီရို
ဖတ်ချင်တာတွေရှာလိုက်ပါရော့
ပြောချင်ရာပြော
နှစ်သက်ရာသို့သွားရန်
- ကဗျာများ (4)